Pages - Menu

Pages

Pages

Sunday, October 6, 2013

Network အသုံးပြုနည်းလက်စွဲ (မြန်မာလို)


စာအုပ်အမည်း Network အသုံးပြုနည်းလက်စွဲ
ရေးသားသူး Moe Kyaw Thu & U Aung Lin
အမျိုးအစားး PDF
အရွယ်အစားး 11 MB

Network ကို တကယ့်အခြေခံကျကျ အသေးစိတ်ကို စိတ်ရှည် လက်ရှည် ရေး ထားတဲ့ စာအုပ်တစ်အုပ်ပါ။ ဘာမှ တစ်လုံးမှ မသိတောင် ယခုစာအုပ်ကို အစ အဆုံးသေချာဖတ်ပြီး သေချာလေ့လာလိုက်ပါ။ network နဲ့ သက်ဆိုင်တဲ့ ကဏ္ဍလောက်တော့ လုံးဝ သိရှိသွားနိုင်စေလိမ့်မယ်လို့ ယူဆပါတယ်။ ပထမပေးခဲ့တဲ့ စာအုပ်နှင့် ယခုစာအုပ် (၂) အုပ်သာ တကယ်လေ့လာပြီး ကြေညက်အောင် ဖတ်မယ်ဆိုရင်တော့ တော်တော်လေးကို network နဲ့ ပတ်သက်ပြီး ပြည့်စုံသွားပါပြီ။ ယခုတင်ပေးတဲ့ စာအုပ် နှစ်အုပ်ကို အဓိကထား လေ့လာဖို့ တိုက်တွန်းလိုပါတယ်။ စာအုပ်ထဲမှာ ပါဝင်တဲ့ သင်ခန်းစာတွေကို အောက်မှာ ရေးပြထားပါတယ်။

လုပ်ဆောင်ချက် (၁)
ကွန်ပျူတာ ၂ လုံးအား အလွယ်ကူဆုံး Network ချိတ်ဆက်နည်း
  1. ကွန်ပျူတာတွင် Network Card တပ်ဆင်ခြင်း။
  2. Cross cable ကြိုးပြုလုပ်နည်း။

လုပ်ဆောင်ချက်(၂)
File များ၊ Printer များအား Network ချိတ်ဆက်ပြီး မျှဝေ သုံးစွဲနည်း
  1. File Sharing ပြုလုပ်ခြင်း။
  2. Printer Sharing ပြုလုပ်ခြင်း။

လုပ်ဆောင်ချက်(၃)
Network Game ကစားရန် ကွန်ပျူတာ ၂ လုံးအား Network ချိတ်ဆက် ကစားနည်း

လုပ်ဆောင်ချက်(၄)
ကွန်ပျူတာ (၂)လုံးထက်ပိုပြီး Network ချိတ်ဆက်နည်း

လုပ်ဆောင်ချက်(၅)
Server ကွန်ပျူတာ ထည့်သွင်းပြီး Network ကို အသုံးပြု စီမံခန့်ခွဲခြင်း
  1. File Sharing ပြုလုပ်ခြင်း
  2. Remote Desktop Connection အကြောင်း
  3. Client User တိုးယူသတ်မှတ်ခြင်း
  4. Map Drive ပြုလုပ်ခြင်း
  5. Printer Sharing ပြုလုပ်ခြင်း
  6. Server မှ CD Room ကို မျှဝေသုံးစွဲခြင်း
  7. အသုံးများသည့် program များကို server ထည့်သွင်းပြီး program ကို administrator ကိုသာ သုံးစွဲခွင့်ပြုခြင်း

လုပ်ဆောင်ချက်(၆)
Internet ဆိုင်ဖွင့်လိုသူများနှင့် ရုံးအတွင်းရှိ ကွန်ပျူတာများအားလုံးကို အင်တာနက်အသုံးပြုနိုင်အောင် internet line တစ်လိုင်းတည်းကို ကွန်ပျူတာများ ခွဲဝေ သုံးစွဲနိုင်အောင်ပြုလုပ်နည်း
  1. Rounter
  2. အင်တာနက်အသုံးပြုမည့် clients ကွန်ပျူတာများမှ လုပ်ဆောင်ပေးရမည့်အပိုင်း
  3. DNS server (Domain Name Service) အကြောင်း
  4. Proxy server အကြောင်း
  5. Firewall အကြောင်း
  6. CACHE အကြောင်း
  7. Router ကို DHCP SERVER အဖြစ်ထားပြီး internet ချိတ်ဆက်မှု့ ပြုလုပ်ခြင်း
  8. Internet သုံးမည့် ကွန်ပျူတာဘက်မှ ပြုလုပ်ရမည့် လုပ်ဆောင်ချက်အပိုင်း

လုပ်ဆောင်ချက် (၇)
Wireless Network ကို အသုံးပြုပြီး Internet ချိတ်ဆက်ခြင်း
  1. Internet သုံးမည့် ကွန်ပျူတာဖက်မှ ပြုလုပ်ရမည့်လုပ်ဆောင်ချက်
  2. Rounter ဘက်မှ လုပ်ဆောင်ရမည့်အပိုင်း
  3. Rounter ကို firewall အဖြစ် အသုံးပြုပြီး မိမိ Network အတွင်းရှိ ကွန်ပျူတာများကို Internet သုံးစွဲခွင့် ခွဲခြားသတ်မှတ်ခြင်း
  4. Riybter Password ကို မိမိစိတ်ကြိုက် ပြောင်းလဲသတ်မှတ်ခြင်း
  5. Rounter configuration ကို Backup ဖိုင်အဖြစ် သတ်မှတ်သိမ်းဆည်းခြင်း
  6. Rounter configuration backup file (netgear.cfg) ကို restore ပြုလုပ်ခြင်း
  7. Rounter ကို ဝေးမှနေပြီး ထိန်းသိမ်းနိုင်အောင် ပြုလုပ်ပေးခြင်း

လုပ်ဆောင်ချက်(၈)
FTP (file transfer Protocol) ကို အသုံးပြုပြီး ကိုယ့်ကွန်ပျူတာ အတွင်းရှိ File များကို FTP server သို့ ပေးပို့ခြင်းနှင့် လက်ခံရယူခြင်း
Network အသုံးပြုနည်းလက်စွဲ (မြန်မာလို)
Network အသုံးပြုနည်းလက်စွဲ (မြန်မာလို)
Network အသုံးပြုနည်းလက်စွဲ (မြန်မာလို)

ကိုယ်ဝန် တားဆေး အသက် မရွေး တော့


အမေရိကန် မှာ အရေးပေါ် ကိုယ်ဝန် တားဆေး ကို အရင် ကလို အသက် အကန့် အသတ် မထား တော့ဘဲ ဘယ်သူ မဆို ဝယ်ယူ နိုင်တော့ မယ် လို့ သိရပါတယ် ။ သူတို့ ဆီမှာ Morning after pill နဲ့ Plan B လို့ လူသိ များ ပါတယ်။ တခြား နိုင်ငံ တွေမှာ တော့ နာမည် ပေါင်း များစွာ နဲ့ ထုတ်လုပ် ရောင်းချ နေတာ ဖြစ် ပါတယ်။ FDA ကနေ ၁၉၉၉ ကတည်း ကနေ စိတ်ချ ရလို့ ခွင့်ပြုချက် ပေး ထား တာပါ။ ဆေး ၂ လုံး ပါပြီး၊ ပဌမ တလုံး သောက်ပြီး နောက် ၁၂ နာရီ မှာ နောက် တလုံး သောက်ရတာ ဖြစ် ပါတယ်။ Plan B One - Step ဆေး ကတော့ တပြား တည်း ကို တခါတည်း သောက်ယုံ သာ ဖြစ်ပါတယ်။

အခုဟာက ( ဘရုတ်ကလင်း ) ဖက်ဒရယ် ခရိုင် တရား သူကြီး တဦး ကနေ ရက် ၃ဝ အတွင်း ဆေးဆိုင်တွေ မှာ တင်ဘို့ ၅ - ၄ - ၂ဝ၁၃ နေ့က အစိုးရ ကို အမိန့် ပေးတာ ဖြစ် ပါတယ်။ အရင် က အသက် ၁၇ နှစ် ရှိမှသာ ဝယ် နိုင် ပါတယ်။ အစိုးရ အနေနဲ့ ဥပဒေ ပိုင်း တွေ ကို လေ့လာ နေတယ် လို့ ပြောပါတယ်။ ဒီအရေး ကို အောင်မြင် ဘို့ လုပ်နေတဲ့ Center for Reproductive Rights က ထောက်ပြ ထား တာက မိန်းကလေး တွေ အသက် ၁၇ နှစ် အောက်မှာ ဒီ ဆေးသောက် လို့ စိတ် မချရ ဘူး ဆိုတာကို သက်သေ မပြနိုင် ဘူး လို့ ဆိုပါတယ်။ အစဉ် အလာ လိုက်နာ တဲ့ US social conservatives အဖွဲ့ ကတော့ ဒီလိုသာ ဖြစ်လာရင် မိန်းကလေး ငယ်ငယ် လေးတွေ ကြား လိင် ပိုင်း ဆိုင်ရာ အပြုအမူ တွေ ပိုတိုး လာမယ် လို့ ဆိုလိုက် ပါတယ်။

၂ဝ၁၁ တုံး က FDA ကနေ ပြောထား ခဲ့တာက ဒီဆေးဟာ ကလေး မွေးနိုင်တဲ့ အရွယ် မှာ စိတ်ချ ရတယ် လို့သာ ဖြစ်ပါတယ်။ တရာရုံး က အဲလို ဆုံးဖြတ် လိုက်ပေမဲ့ FDA တာဝန် ရှိသူတွေ က တော့ ဥပဒေပိုင်း တွေ လိုသေး ပါတယ် တဲ့။ Emergency pills တွေ ဟာ လိင် ဆက်ဆံမှု ပြု အပြီး ၇၂ နာရီ အတွင်း သောက် လိုက်ရင် ကိုယ်ဝန် မရ နိုင်ပါ။ ဒါပေမဲ့ စောလေ ကောင်းလေ သာ ဖြစ်ပါတယ်။ ဘေးထွက် ဆိုးကျိုး အနေနဲ့ အန် ချင်တာ၊ ဝမ်းလျှော တာ တွေ ဖြစ်နိုင် ပါတယ်။

Internet Download Manager 6.18 Build 1 | 5.9 MB


ဒေါင်းလော့မန်နေဂျာအသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်  အပ်ဒိတ်လေးထွက်လာပါပြီ .....
အသုံးပြုမယ့်သူငယ်ချင်းများ အသစ်မှာဘာတွေပိုလာလည်းသိချင်ရင်
http://www.internetdownloadmanager.com/news.html
မှာလေ့လာနိုင်ပါတယ်
သူမှာလိုင်စင်ရဖို့အတွက် Patch ဖိုင်အသုံးပြုရမှာဖြစ်ပါတယ်
Patch ဖိုင် က တစ်ချို့သော Fre antivrius တွေနဲ့မတည့်တာမျိုးဖြစ်တတ်ပါတယ်
အဲလိုဖြစ်တဲ့အခါ antivrius ခဏပိတ်ထာပေးပါ

အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Download>>>mirrorcreator(or)zippyshare
 
  Install လုပ်နည်းကတော့
IDM အဟောင်းကို ဖွင့်ပြီး Exit လုပ်လိုက်ပါ ပြီးရင် ဒေါင်ထားတဲ့ ဆော့စ်ဝဲလ်ကိုသွင်းပါ
လိုင်စင်အတွက်Patchဖိုင်ကိုအသုံးပြုမယ်ဆိုရင်..အရင်ဆုံး install လုပ်ပြီးရင်ဆော့ဝဲလ်ကို
မဖွင့်ပါနဲ့အုံး...ပါလာတဲ့ Patch ဖိုင်ကိုကော်ဖီကူးပြီး
C:\Program Files\Internet Download Manager\
အထိသွားပြီးထည့်လိုက်ပါ.... ပြီးရင် Patch ဖိုင်ကိုဖွင့်ပြီး
 Patch ကိုကလစ်လိုက်ပါ.. ...Patchကိုကလစ်ပြီးရင်တော့
လိုင်စင်ဗားရှင်းအနေနဲ့ အသုံပြုလို့ရပါပီခင်ဗျာ...

Wednesday, October 2, 2013

Whatsapp Messenger v2.11.88 Apk (latest version)


WhatsApp Messenger အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် Update တင်ပေးလိုက်ပါတယ်
messages တွေ video နဲ့ အသံ တွေ Free ပို့မယ် WhatsApp Messenger အကောင်းဆုံးလို့ပြောရပါတယ် 

 


Techspace Journal Vol(2), Issue (27)




Techspace ဂျာနယ်ကို အပတ်စဉ် ဗုဒ္ဒဟူးနေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ Techspace ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်ပါတယ်။ Techspace ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာTechspace Journal Vol(2), Issue (27) ကိုတင်ပေး လိုက်ပါတယ်ဗျာ။ ဒီနေ့ 2 ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။
                                           Download now

Friday, September 27, 2013

ဘဝမှာ မိသားစု ရှိနေရင်ပဲ ပြည့်စုံ ပါတယ်လို့ ဆိုတဲ့ သဉ္ဖာနွယ်ဝင်း


ဘဝမှာ မိသားစု ရှိနေရင်ပဲ ပြည့်စုံ ပါတယ်လို့ ဆိုတဲ့ သဉ္ဖာနွယ်ဝင်းအနုပညာ လောကတွင် သရုပ်ဆောင် တစ်ယောက်အဖြစ် အချိန်တိုတို အတွင်း  အသိအမှတ်ပြုခံ ရသော သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက " ဘဝမှာ မိသားစု ရှိနေရင်ပဲ ပြည့်စုံ ပါတယ်လို့" ဟု Venus News Weekly သို့ပြောသည်။ " သဉ္ဇာဘဝမှာ အချစ်ကို လူတွေ အမျိုးမျိုး အဓိပ္ပာယ် အမျိုးမျိုးဖွင့်ကြပေမယ့် သဉ္ဇာ အတွက်တော့ ၁၅၀ဝ အချစ်မရှိလည်း ရတယ်၊ မိသားစုဆိုတဲ့ ၅၂၈ မေတ္တာရှိရင် အဆင် ပြေပြည့်စုံ ပါတယ်"ဟု ၎င်းက ပြောသည်။ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်း အနေဖြင့် ဖက်ရှင်ပိုင်းတွင် လတ်တလော စကပ်အတို၊ ဘောင်းဘီ အတိုတွေသာ ဝတ်ဆင်ဖြစ်နေကြောင်း၊ အနုပညာရှင် တစ်ယောက်အဖြစ် ရပ်တည်ရာတွင် ကြိုးစားမှု၊ အချိန်တွေကိုဂရုတစိုက် အရေးပေး ဆောင်ရွက်ဖြစ်ကြောင်း၊ အချစ်ရေးတွင် အေးအေးဆေးဆေး အခြေအနေသာ ရှိသေးကြောင်း သဉ္ဇာနွယ်ဝင်းက ထပ်မံ ပြောပြသည်။ ယခု လက်တလောတွင် သဉ္ဇာနွယ်ဝင်း အနေဖြင့် ဒါရိုက်တာ ညီညီထွန်းလွင်ရိုက် သော " မထူးရှော့" ဟာသဗီဒီယို ဇာတ်ကားတွင် သရုပ်ဆောင် ကျော်ကျော်ဗို၊ လင်းလက် ဟိန်းတို့နှင့် တွဲဖက်၍ကာ တောသူမ တစ်ယောက် အဖြစ် သရုပ်ဆောင်လျက် ရှိသည်။

စုသက်နှင်း

By Venus News Journal

Thursday, September 26, 2013

ဇာတ်ကား တစ်ကားကောင်းဖို့ ပြိုင်ဘက် အဖြစ် သဘော မထားတဲ့ ကောင်းခန့်

(ရန်ကုန်၊ စက်တင်ဘာ ၂၃)  
သရုပ်ဆောင် ရာတွင် အားလုံးက ပြိုင်ဘက်တွေ ဟု သဘော မထားဘဲ ညီညွတ်စွာ ပံ့ပိုးကြ လျှင် ဇာတ်ကားကောင်း တစ်ကား ဖြစ်လာ နိုင်ကြောင်း သရုပ်ဆောင် ကောင်းခန့် က ပြောသည်။

”အထူးသဖြင့် အပြိုင် သရုပ်ဆောင်ရတဲ့ ဇာတ်ကားဆို ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့် ပြိုင်ဘက်လို့ သဘော မထားဘူး။ လုပ်ဖော် ကိုင်ဖက်လို့ပဲ သဘော ထားတယ်။ သူ သရုပ်ဆောင်တဲ့ ဇာတ်ကွက်မှာ ကျွန်တော်က အကောင်းဆုံး ပံ့ပိုးပေးမယ်။ ကျွန်တော်ဟာ တကယ့် ခေါင်းဆောင်နေရာ မှာ သရုပ်ဆောင် ရင်လည်း သူတို့ ကျွန်တော့် ကို အကောင်းဆုံး ပံ့ပိုးပေးတာ ပါ” ဟု ၄င်းက ဆိုသည်။
 ”အဓိက ကတော့ ကားကြီးတွေ မှာတော့ ကျွန်တော် ပံ့ပိုးမှု ပိုင်းမှာ များတယ်။ ကျွန်တော့် အမြင် ပြောရင်တော့ ငါဟာ မင်းသား၊ ခေါင်းဆောင် မင်းသား တစ်ယောက် လို့ ခံယူရင်တော့ လူများကို ပံ့ပိုးဖို့ ခက်မယ်လို့ ထင်တယ်။ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ် ကိုယ် ခံယူရင် တော့ ဒီဇာတ်ကွက် မှာ ကိုယ်ကသူ့ကို ပံ့ပိုးရ မှာလား။ ခေါင်းဆောင် ရမှာလား။ မူတည်ပြီးတော့ လုပ်သွားရင်တော့ အားလုံးက တာဝန် ရှိပြီး အားလုံး ညီရင်တော့ အဆင်ပြေသွားမှာပါ။ ကာရိုက်တာ ရဲ့ နောက်မှာ ကျွန်တော် လုပ်ပိုင်ခွင့် ကို ကြည့်တယ်။ ခု လောလောဆယ် ကျွန်တော် ရိုက်တဲ့ မြဝတီ ဇာတ်လမ်းတွဲ ‘ ကံ့ကော်တောမှ စွယ်တော်ရွက် ကလေးများ’ ဆိုရင်လည်း ဇာတ်လမ်း ဇာတ်ကွက် ကောင်းတယ်” ဟု ကောင်းခန့် က ပြော သည်။
ကောင်းခန့်က လတ်တလောတွင် မြဝတီမှ ဇာတ်လမ်းတွဲ ကို ရိုက်ကူး ပြီး ဗီဒီယို ဇာတ်ကားများ လည်း ရိုက်ကူး နေကြောင်း သိရသည်။

Android ဖုန်းတွေအတွက် WADA Wi-Fi Maps - Free Wifi


Android ဖုန်းကိုင်ထားတဲ့ မိတ်ဆွေတွေအတွက်အရမ်းအရမ်း ကိုအသုံးဝင်မဲ့ WADA Wi-Fi Maps - Free Wifi လေးပါ ( 24.9.2014 ) ရက်နေ့ ကမှ developer က google play store ပေါ်မှာအသစ်တင်လိုက်ပါတယ်အသုံးဝင်မယ်ထင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
ဒီကောင်လေးရဲ့ လုပ်ဆောင်ချက်တွေကတော့ အနီးအနားမှာရှိတဲ့  wifi hotspots တွေကိုရှာပေးခြင်း။ရှယ်ယာလုပ်ပေးခြင်း500,000,000 hotspots  တွေကိုအလိုအလျောက်ရှာဖွေပေးပါတယ်။စတာတွေကိုလုပ်ပေးပါတယ်။မိမိတို့ အလုပ်တစ်ခုခုကိုလုပ်တဲ့ 
အခါ (ဥပမာ-video call ခေါ်နေတဲ့ အချိန်အခါမျိုး ဖြစ်စေ ရုပ်ရှင်တွေကြည့် တဲ့ အချိန်ဖြစ်စေ စသည်အချိန်မျိုးမှာ )
ကွန်နက်ရှင်ကိုလိုအပ်သလိုမြှင့် ပေးနိုင်လို့ လိုင်းမကောင်းဖြစ်နေတဲ့ မိတ်ဆွေတွေအဆင်ပြေပြေ
အသုံးပြုနိုင်ရန်ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။၁၀၀% working ပါ။(မှတ်ချက်-wifi  hacking ) မဟုတ်ပါခင်ဗျာ။မည်သည့် ဖုန်းအမျိုးအစားနှင့် မဆိုကိုက်ညီမှုရှိပြီးဖိုင်ဆိုဒ် ( 1.9 -mb ပါ)
ခင်ဗျာ။google play store ကနေလည်းယူလို့ ရသလိုဒေါင်းလုပ်ယူနိုင်အောင်လို့ လည်း
စီစဉ်ထားပေးပါတယ်ခင်ဗျာ။


Download  ;  link-1  ; link-2

လူမင်းနှင့် ရိုက်ကူးမည့်ကားတွင် သရုပ်ဆောင်ရသည့်အခန်း နည်းသဖြင့် အခက်အခဲမရှိဟု နန်းခင်ဇေယျာကဆို


ဧည့်သည်သရုပ်ဆောင်အဖြစ် ပထမဆုံးရိုက်ကူးနေသော Anubis ရုပ်ရှင်ကားတွင် ပါဝင်ရသည့်အခန်း နည်းသည့်အတွက် သရုပ်ဆောင်ရာတွင် အခက်အခဲမရှိကြောင်း   နန်းခင်ဇေယျာက ပြောသည်။

““ညီမ မနေ့က သရုပ်ဆောင်ရတာ သဘာဝကျကျလေးဆိုတော့ ဘာမှအခက်အခဲမှမရှိပါဘူး။ အန်ကယ်လေးတို့က စကားပြောတာကအစ သင်ပေးပါတယ်။ ညီမအနေနဲ့ သူများသရုပ်ဆောင်တာတွေကိုလည်း    လိုက်ကြည့်ခဲ့တယ်။ ဒါပေမဲ့  ညီမအနေနဲ့ တစ်ကားလုံး ရိုက်ရတဲ့အခါကျရင် လိုအပ်ချက်တွေ ရှိလာမှာမို့ ညီမလေ့လာနေဆဲပေါ့။ မနေ့ကရိုက်တဲ့ကားမှာဆို ဧည်သည့်သရုပ်ဆောင်အနေနဲ့ နှစ်ခန်း၊ သုံးခန်းပဲ သရုပ်ဆောင်ရတဲ့အတွက် အခက်အခဲမရှိတာပါ””ဟု နန်းခင်ဇေယျာက ပြောသည်။
 Anubis ရုပ်ရှင်ကားတွင် နန်းခင်ဇေယျာက လူမင်း၏ဇနီးအဖြစ် သရုပ်ဆောင်ရပြီး နေတိုး၊ မြင့်မြတ်၊ ၀တ်မှုံရွှေရည်တို့နှင့် အခြားသရုပ်ဆောင်များလည်း ပါဝင်ပြီး လက်ရှိ ရိုက်ကူးနေသော ဇာတ်ကားဖြစ်သည်။  ထပ်မံ၍ ခန့်စည်သူနှင့် ““အက်တိုးပစ် အပျိုစင်””ဇာတ်ကားတွင် အဓိကသရုပ်ဆောင်အဖြစ်  နိုဝင်ဘာလတွင် ရိုက်ကူးမည်ဖြစ်ပြီး လက်ရှိတွင် ယင်းနှစ်ကားသာ လက်ခံရိုက်ကူးထားသည်။ နောက်ထပ်ဇာတ်ကားများကို ၎င်း၏ပုံစံ နှင့် လိုက်ဖက်သည့် ဇာတ်ရုပ်ကို လက်ခံရိုက်ကူးသွားမည်ဖြစ်ကြောင်း နန်းခင်ဇေယျာက ပြောသည်။

နန်းခင်ဇေယျာသည် ဧည့်လမ်းညွှန်အလုပ်ကို ယခင်က လတိုင်းတွင်  ရက်အပြည့်လုပ်ပေးခဲ့သော်လည်း ယခုနောက်ပိုင်းတွင် တစ်လ ငါးရက်ခန့်သာ လုပ်ကိုင်ဖြစ်နေကြောင်း ယခုရက်ပိုင်းတွင် ပြေတီဦးနှင့် ဓာတ်မြေသြဇာကြော်ငြာ ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ နိုင်ငံတကာပွဲသို့ Miss များ သွားရောက်ယှဉ်ပြိုင်မှုများအပေါ်  ၎င်း၏အမြင် နှင့် ပတ်သက်၍ ““ညီမအနေနဲ့ ပြောပြချင်တာက ဒီအင်တာနေရှင်နယ်ပွဲကြီးကို ဖြစ်ကတတ်ဆန်း  သွားမပြိုင်စေချင်ဘူးလို့ ပြောချင်တယ်။ ကိုယ့်ဘက်က ပညာတွေပြည့်အောင် ဖြည့်ပြီးမှ သွားပြိုင်စေချင်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်က မြန်မာဆိုတဲ့စလွယ်ကြီးကို လွယ်ပြီး ပြိုင်ရမယ်။ မြန်မာ့ဂုဏ်ကို ဆောင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ အားလုံး သေချာလေ့လာပြီးမှ သွားပြိုင်စေချင်တယ်။ ဒီဘက်မှာလည်း မော်ဒယ်အေဂျင်စီတွေရှိတဲ့အတွက်ကြောင့် သူတို့ဘက်ကလည်း အားလုံးမွမ်းမံသင်ပေးမှာပါ။ ညီမအနေနဲ့က ဘယ်အခန်းကဏ္ဍကမဆို ကူညီပေးဖို့က ရယ်ဒီပါပဲ”” ဟု နန်းခင်ဇေယျကပြောသည်။

7Day Daily

ကိုယ်ပိုင် ရုပ်ရှင် ထုတ်လုပ်ရေး အကြောင်း ပြောပြတဲ့ ခိုင်နှင်းဝေ


မိမိကုမ္ပဏီမှ ရိုက်ကူးသည့် ဇာတ်ကားတွင် ဇာတ်ပို့ ဇာတ်ရံ ကအစ နာမည်ရှိ သရုပ်ဆောင် များသာ သုံးချင် ကြောင်း ကိုယ်ပိုင် ရုပ်ရှင် ထုတ်လုပ်ရေးဖြင့် ဇာတ်ကား များ ရိုက်ကူးနေသည့် ခိုင်နှင်းဝေ က ပြောသည်။

”ကိုယ်လုပ်တဲ့ အလုပ် ကိုယ်ရိုက်တဲ့ ဇာတ်ကားက ကွာလတီ ကောင်းရမယ်။ ခိုင်နှင်းဝေ ကုမ္ပဏီက ရိုက်တဲ့ ဇာတ်ကားက ဘာ ဇာတ်ကားကြီးမှန်း လည်း မသိဘူး၊ ဇာတ်ပို့ ၊ ဇာတ်ရံတွေ သုံးထားတာ တွေကလည်း မကောင်းဘူး။ ဇာတ်လမ်းတွေ ကလည်း မကောင်းဘူး ဆိုတာမျိုး မကြားချင်ပါဘူး။ ကျွန်မ တို့ ဖန်တီးတဲ့ အနုပညာ တွေက ဇာတ် အိမ် ကောင်းရမယ်။ ဇာတ်လမ်း ဇာတ်ကွက် ကောင်းရမယ်”ဟု ၄င်းက ဆိုသည်။

ခိုင်နှင်းဝေက ဒါရိုက်တာ ဇော်မျိုးပြည့်၏ ‘ဆက် ချစ်ခွင့်’ ဇာတ်ကားကို မြင့်မြတ်၊ ချမ်းမီမီကို တို့နှင့်အတူ ပါဝင် သရုပ်ဆောင် နေကြောင်း သိရသည်။

”ဇာတ်ကောင် ကာရိုက်တာ နဲ့ လိုက်ပြီးတော့ အဝတ်အစား ဆိုရင် သေချာ စဉ်းစားပြီး ဝတ်ဆင်ပါတယ်။ အမေခန်း ဆိုရင်လည်း အမေနဲ့ လိုက်ဖက်တာ မျိုး၊ ဟော့ရှော့ ဆို လည်း ဟော့ရှော့၊ မြန်မာ ဆန်ဆန် ဆိုလည်း မြန်မာ ဆန်ဆန် ကိုယ့်ဘာသာ ကိုယ်စဉ်းစား ပြီးတော့ အဝတ်အစား ဒီဇိုင်းတွေကို ဝတ်ဆင် ဖြစ်ပါတယ်။ ”ကျွန်မ တို့က သရုပ်ဆောင် တစ်ယောက် အနေနဲ့ အနုပညာ အပိုင်းပဲ ကြည့်လိုက်တယ်။ ဒီအနု ပညာကို ဝါသနာပါတဲ့ အတွက်ကြောင့် ဇာတ်ကား တစ်ကား ရိုက်ကူးခဲ့မယ် ဆို အမေ ဆိုလည်း အမေ၊ ဒါပေမဲ့ ဒီအမေက ဒီဇာတ်ကား ထဲမှာ အဓိက သရုပ် ဆောင်ပိုင်း မှာ ပါဝင်တဲ့သူ ဖြစ်ရမယ်။ အဲဒါ ဆိုရင်တော့ လက်ခံ ရိုက်ကူးပါတယ်။ မင်းသမီး ဖြစ်ရမှ ရိုက်ကူးမယ်လို့ မရှိပါဘူး”ဟု ခိုင်နှင်းဝေ က ပြောသည်။

ခိုင်ဝေလွင် - Popular Journal

Monday, September 23, 2013

အမျိုးသားများ သတိထားရမည့် တတိယအဖြစ်များဆုံးဆီးကျိတ်ကင်ဆာ



Q. ဆီးကျိတ်ကင်ဆာ အကြောင်းရှင်းပြပါ။

A. ဆီးကျိတ်မှာ ကင်ဆာဖြစ်တာကို ဆီးကျိတ်ကင်ဆာလို့ ခေါ်ပါတယ်။ အစာအိမ် ဒါမှမဟုတ် အူမကြီး ကင်ဆာလောက် ကြီးထွားနှုန်း၊ ပျံ့နှံ့နှုန်းမြန်ဆန်မှု မရှိပါဘူး။ သူကြီးထွားဖို့ဟာ အမျိုးသား ဟော်မုန်းပေါ်မှာ မူတည်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ စင်ကာပူနိုင်ငံမှာ အမျိုးသားတွေမှာ တတိယအဖြစ်များဆုံး ကင်ဆာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာကို စောစောစီး စီးရှာဖွေနိုင်တာ ဟာလည်း PSA (Prostatic Specific Antigen) အသားစ ယူပြီး ရှာဖွေနိုင်မှု (Biopsy)တွေကြောင့် တွေ့ရှိနှုန်း များလာပါတယ်။ ခွဲစိတ်ကုသမှုနဲ့ ဟော်မုန်းနဲ့ ကုသမှုတွေ အဆင့်မြင့်ပြီး တိုးတက် လာတာကြောင့် ဆီးကျိတ် ကင်ဆာ ပျောက်ကင်းနှုန်း ပိုမိုကောင်းလာပြီး လူနာအနေနဲ့ အသက်ရှည်ရှည်နေနိုင် ကြတယ်လို့ သိရပါတယ်။


Q. ဘယ်သူတွေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ပါသလဲ။ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေကို ဖော်ပြပေးပါ။

A. အောက်ပါအချက် တွေဟာ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေပါ။
(က) အသက်အရွယ်
အသက်ကြီး လာလေလေ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ များလေလေပါ။ အသက် ၃၉ နှစ်အောက် အမျိုးသားတွေမှာ လူ ၁၀ဝ၀ဝ မှာ တစ်ယောက်နှုန်း ဖြစ်ပေမယ့် အသက် ၄၀ မှ ၅၉ အရွယ် အမျိုးသားတွေမှာ ၁၀၃ ယောက်မှာ တစ်ယောက်နှုန်းနဲ့ အသက် ၆၀ မှ ၇၉ နှစ်အရွယ် အမျိုးသားတွေမှာ လူရှစ်ယောက်မှာ တစ်ယောက်နှုန်းဖြစ်တယ်လို့ သိရပါတယ်။
(ခ) မိသားစု၊ မျိုးရိုးလိုက်ခြင်း
မိမိရဲ့ဖခင်၊ အစ်ကိုတွေမှာ ဆီးကျိတ်ကင်ဆာ ရှိသူတွေဟာ ရောဂါ ဖြစ်နိုင်ခြေ ပိုမြင့်မား ပါတယ်။
(ဂ) ဆေးလိပ်သောက်ခြင်း
(ဃ) လူမျိုး
အမေရိကန်၊ အာဖရိကန်လူမျိုးတွေ မှာ တခြားလူမျိုးတွေထက် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုမြင့်မားပါတယ်။ အသက်ရှင်နှုန်းဟာလည်း တခြားလူမျိုးတွေ ထက် ပိုနည်းပါတယ်။
(င) အစားအစာမှရရှိသည့် အဆီ
အစားအစာမှ အဆီများစွာရရှိသူတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။
(စ) ဟော်မုန်း
ဆီးကျိတ် ကင်ဆာ ကြီးထွားမှုဟာ အမျိုးသား ဟော်မုန်းပေါ်မှာ မူတည်ပါတယ်။ အမေရိကန် အာဖရိကန် လူမျိုးတွေမှာ တခြား လူမျိုးတွေထက် အမျိုးသား ဟော်မုန်း ၁၅ ရာခိုင်နှုန်းခန့် ပိုမြင့်မား တတ်ပါတယ်။

Q. အသက် ၆၀ ကျော်အရွယ် ဆီးကျိတ် ကြီးနေသူမှာ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်သလား။

A.ဆီးကျိတ်ကြီးတာနဲ့ ဆီးကျိတ်ကင် ဆာဖြစ်တာဟာ အသက်အရွယ်ကြီးရင့်မှု၊ တက်စတို စတီရုန်းကြောင့် ဖြစ်တတ်ကြ ပေမယ့် ဆီးကျိတ်ကြီးတာဟာ ဆီးကျိတ် ကင်ဆာ ဖြစ်တာရဲ့ အကြိုဖြစ်စဉ်မဟုတ် ပါဘူး။ ဆီးကျိတ်ကြီးတာဟာ ဆီးကျိတ် ရဲ့ အလယ်ဗဟို နေရာမှာ ဖြစ်တတ်ပြီး ဆီးကျိတ်ကင်ဆာမှာမူ ဆီးကျိတ်ရဲ့ဘေး နေရာမှာ ဖြစ်တတ် ပါတယ်။

Q. ဆီးကျိတ်ကင်ဆာရောဂါရဲ့ လက္ခဏာ တွေကို ဖော်ပြပေးပါ။

A.ဆီးကျိတ် ကင်ဆာရဲ့ လက္ခဏာ တွေဟာ ဆီးကျိတ်ကြီး တာရဲ့ လက္ခဏာနဲ့ ဆင်တူ တတ်ပါတယ်။ ဆီးလမ်းကြောင်း အောက်ပိုင်းဆိုင်ရာ လက္ခဏာ၊ သုက် ရည်ထဲ သွေးပါတာနဲ့ တစ်ခါတရံမှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ သွေးအတွင်း PSA ကို စစ်ဆေးရာမှာ တွေ့ရှိတတ်ပါ တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က ဆီး ကျိတ်ကင်ဆာရှိသူရဲ့ ၈၀ ရာခိုင်နှုန်းဟာ အရိုးနာကျင်တာ၊ အရိုးကျိုးတာ (အရိုး တွင်း ရောဂါပျံ့နှံ့ရာမှ Pathological Fracture)၊ ဆီးထဲမှာ သွေးပါတာနဲ့ ကျောက်ကပ် အလုပ်မလုပ်နိုင်တာ (ဆီးထွက်ပြွန်ကို ပိတ်ဆို့မှု ဖြစ်တာကြောင့်) လိုမျိုးဝေဒနာတွေ ပြတတ်တာဟာ ရောဂါ ဖြစ်မှန်း နောက်ကျမှ သိရတာ ကြောင့်ပါ။ ယခု ဆီးကျိတ် ကင်ဆာ ရှိသူတွေရဲ့ ၈၀ ရာ ခိုင်နှုန်းကို အောက်ပါ စမ်းသပ် စစ်ဆေးမှု တွေနဲ့ ရှာဖွေတွေ့ရှိနိုင်တယ်လို့ သိရပါတယ်။
(က) သွေးတွင်း PSA ပမာဏစစ်ဆေးခြင်း
PSA အဆင့်မြင့်မားတာဟာ ၄ ထက်များနေရင် အသားစယူပြီး စစ်ဆေးမှုပြုလုပ် ရပါမယ်။
(ခ) စအိုအတွင်း လက်နှိုက်စစ်ဆေးခြင်း
ဆီးနဲ့ ကျောက်ကပ်ဆိုင်ရာ အထူးကု ဆရာဝန်မှ စအိုအတွင်း လက်နှိုက်ကာ ဆီးကျိတ်ရဲ့ အနေအထားကို စစ်ဆေးပါတယ်။ Nodule ကို စမ်းသပ်မိရင် အ သားစယူပြီး စစ်ဆေးမှု ပြုလုပ်ဖို့နဲ့ Ultrasound ရိုက်ဖို့ အကြံပေးပါတယ်။
By ဒေါက်တာခင်မိုးမိုး

iPhone 5S လက်ဗွေစနစ် ဟက်ကာတို့ ဖောက်နိုင်ပြီ


ဂျာမနီနိုင်ငံ ဘာလင်မြို့ အခြေဆိုက် Chaos Computer Club (CCC) လို့အမည်ရတဲ့ ဟက်ကာအဖွဲ့ဟာ iPhone 5S နဲ့ Touch ID fingerprint Scanner ကို အလွယ်တကူ ဖောက်ထွင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 



 ဖောက်တယ်ဆိုလို့ ဝက်အူရစ်၊မူလီတို့နဲ့ ဖောက်တာ ကို ပြောတာမဟုတ် ပါဘူး။ လက်ဗွေ အတုနဲ့ ဖုန်း လုံခြုံရေး စနစ်ကို ကျော်ဖြတ်တာ ဖြစ်ပါတယ်။ သူတို့ ရှင်းပြထားချက်က ဒီလိုပါ။ iPhone 5S
မှာ ထူးခြားသွားတဲ့ လုံခြုံရေး စနစ်က အရည်အသွေးပိုကောင်းတဲ့ High resoulution ဓာတ်ပုံ ကိုရိုက်ကူး သိမ်းဆည်းထားခြင်းသာ ဖြစ်ပြီး ယင်းကဲ့သို့ အလားတူ ဓာတ်ပုံကို ဖန်တီးနိုင်ရင် အလွယ်တကူ ဖောက်ဝင်နိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူရဲ့  လက်ဗွေ မူရင်းကို ၂၄၀၀ dpi အရည်အသွေး ရရှိဖို့လိုအပ်တယ်။ ပြီးရင် ယင်းလက်ဗွေကို Laser printer နဲ့ 1200 dpi အထိ အနိမ့်ဆုံးအရည် အသွေးနဲ့ ပြန်လည်ထုတ်လိုက်နိုင်ရင် iPhone 5S ပေါ်မှာ အသုံးပြုလို့ ရသွားပါပြီ။

လေဆာနဲ့ Print လုပ်ထား တဲ့ ယင်း လက်ဗွေ အခွံကို လက်ထိပ်မှာကပ်ပြီး ဖိဖွင့်လိုက်ရုံပဲ ဖြစ်ပါတယယ်။ ပိုပြီး ရှင်းလင်း သွားအောင် အောက်ပါ ဗီဒီယိုကို လေ့လာကြည့်ရှု နိုင်ပါတယ်။

 http://youtu.be/HM8b8d8kSNQ

ဒီအတွက် ဆုချဖို့ ကြေညာထားတဲ့ ဟက်ကာအဖွဲ့အစည်းများ ကို ပြန်လည် စစ်ဆေးမှု ပြုလုပ်နေပါပြီ။ တကယ်မှန်တယ်ဆိုရင် ဆုကြေးငွေ အတော်လေးရမယ့် ဖောက်ထွင်းမှုကြီးပါ။ Apple ရဲ့  iPhone 5S ကို ဖြန့်ဖြူး ရောင်းချတဲ့ ရက်ပိုင်းအတွင်းမှာပဲ Hack လုပ်နိုင်ကြောင်း Claim လုပ်ကြတဲ့ အဖွဲ့အစည်းနဲ့ Individual တွေ များနေပါပြီ။ Apple က ဘယ်လိုတုန့်ပြန်ပြောဆိုမယ် ဆိုတာကိုလည်း စောင့်ဆိုင်းနားစွင့်လျက် ရှိကြကြောင်း သိရပါတယ်။

Saturday, September 21, 2013

ကွန်ပျူတာ ကြာကြာ အသုံးပြုသူများ ဖြစ်နိုင်သော ရောဂါ နှင့် ကာကွယ်နည်း



ကွန်ပျူတာ ကြာကြာ အသုံးပြုသူများ ဖြစ်နိုင်သော ရောဂါ နှင့် ကာကွယ်နည်း    ကွန်ပျူတာကို နေ့စဉ် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာ အသုံးပြုသူ များ ဖြစ်နိုင်ချေရှိတဲ့ ရောဂါ များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။  ၁။ Decreasing eyesight  ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့အတွက် အမြင် အာရုံကြောတွေ အားနည်းလာပါတယ်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။  ၂။ Muscle weakening ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ပါတယ်။ လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု မရှိတဲ့အတွက် အဓိက ကြွက်သားတွေ လုပ်ဆောင်ချက် နှေးကွေးလာတတ်ပါတယ်။  ၃။ RSI (Repetitive strain injury) ကွန်ပျူတာရှေ့ထိုင်တဲ့အခါ ခန္ဓာကိုယ်ပုံစံကို မပြောင်းလဲပဲ အလုပ်လုပ်နေ ရမှုကြောင့် အမြဲတမ်းအသုံးပြုနေရတဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲ လာတတ်ပါတယ်။ ဥပမာ-လည်ပင်နာခြင်း၊ ခါးနာခြင်း၊ ခန္ဓာကိုယ် လှုပ်ရှားတိုင်း နေရာတစ်ခုတည်းက အမြဲနာကျင်နေတတ်ခြင်း မျိုးတို့ ဖြစ်ပါတယ်။  ၄။ Menal side effects  ကွန်ပျူတာကို ကြာရှည်စွာ အသုံးပြုရတဲ့အတွက် တကယ့်အပြင် လူမှုဆက်ဆံရေးမှာ ပြောင်းလဲမှုတွေ ရှိလာ ပါတယ်။ Facebook, G-talk တို့လို ဘယ်လောက် ဆိုရှယ်ဝဘ်ဆိုဒ်, ကွန်ရက်တွေသုံးသုံး တကယ့်အပြင် လူမူကွန်ရက်နဲ့ Face to Face ပြောဆိုဆက်ဆံရတာ မဟုတ်တဲ့အတွက် လုပ်ငန်းခွင်၊ ပေါင်းသင်း၊ ဆက်ဆံရေးတွေမှာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဂိမ်းအဆော့များတဲ့သူတွေ ပိုပြီး သတိထားရမယ့် အချက် ဖြစ်ပါတယ်။ အချိန်ကြာကြာ အသုံးပြုတဲ့အခါ အာရုံဟာ အရာဝတ္ထုတစ်ခုတည်းမှာ စုစည်းနေတတ်ပြီး ယင်းအရာဝတ္ထုရဲ့ ပြောင်းလဲမှုအလိုက် စိတ်က ပြောင်းလဲနိုင်တဲ့အတွက် ဖြစ်ပါတယ်။  ၅။ Back Problems ခါးနာတာကတော့ ဖြစ်ကိုဖြစ်မယ့် ရောဂါဝေဒနာပါ။ ဘယ်လောက် သက်တောင့်သက်တာ ဖြစ်တဲ့ ထိုင်ခုံနဲ့ပဲ ထိုင်ထိုင် ကွန်ပျူတာရှေ့မှာ ထိုင်ပြီးအလုပ်လုပ်တဲ့သူတွေ  အတွက် ကြောရိုးတစ်လျှောက်ဟာ နာကျင်တတ် ပါတယ်။ အသက်အရွယ်ငယ်တုန်းက မသိသာပေမယ့် ၄၀ ကျော်နောင်းပိုင်းကာလမှာ ကျောရိုးကိုက်ခဲ တဲ့ ဝေဒနာဟာ ကြီးမား တဲ့ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။  ကာကွယ်နည်း ပထမ တစ်ချက်ဖြစ်တဲ့ အမြင်အာရုံအတွက်တော့ ကွန်ပျူတာကို ကြာကြာဆိုက်ကြည့်ပြီး မိနစ် ၂၀၊ နာရီဝက် တိုင်း ဖန်သားပြင် မဟုတ်တဲ့ အခြားတစ်နေရာတစ်ခုခုကို ကြည့်ရှုသင့်ပါတယ်။ မျက်တောင်ခတ်ပေး ရပါမယ်။ နည်းနည်းခပ်ဝေးဝေး အရာဝတ္ထုတစ်ခုခုကို စိုက်ကြည့်ရပါတယ်။ ၄၅ မိနစ်ကြာတစ်ခါ ပြုလုပ်လည်း ရပါတယ်။  နံပါတ်၂ ကြွက်သား အားနည်းမှုနဲ့ နံပါတ် ၃ RSI အတွက်ကတော့ အားကစားအနည်းငယ်လုပ်ပေးခြင်းနဲ့ အိပ်ခြင်းဖြစ်ပါတယ်။ အိပ်ခြင်းဆိုတာ ခြေလက်၊ကြောရိုးများကို ဆန့်ပြီး အိပ်တာမျိုးကို ဆိုလိုပါတယ်။ အားကစားက ကြွက်သားတွေကို သန်မာလာစေပြီး အိပ်စက်ခြင်းက ခန္ဓာကိုယ်ကြွက်သားတင်း မာနေမှုတွေ ကို လျော့ချပေး ပါတယ်။  Mental side effect အတွက်ကတော့ ပေါင်းသင်းဆက်ဆံရေးတွေ၊ လုပ်ငန်းခွင်တွေမှာ မလစ်ဟင်းဖို့၊ အာရုံများများ စိုက်ရတဲ့ Program, ဂိမ်းတို့မှာ နားနားပြီး အသုံးပြု၊ လုပ်ဆောင်၊ ဆော့ကစား ပေးဖို့ ဖြစ် ပါတယ်။  Back Problems အတွက်ကတော့ ကြောရိုးကို ပျော့ပြောင်းစေမယ့် အားကစားတစ်ခုခု လုပ်ပေးခြင်း၊ ကြောရိုးဆန့် အိပ်ခြင်းတို့ ပြုလုပ်ပေးရ မှာ ဖြစ်ပါတယ်။ အားကစားကတော့ ရေကူးတာမျိုး၊ ဘတ်စကတ်ဘော ဆော့တာမျိုးတို့ ဖြစ်ပါတယ်။ အလွယ်ဆုံးကတော့ အကြောဆန့်ခြင်း ဖြစ်ပါတယ်။ ဒါက အချိန်သီးသန့်ပေးစရာ မလိုပဲ နေရာတိုင်းမှာ အဆင်ပြေသလို လုပ်ဆောင်နိုင်ပါတယ်။  mmforward.blogspot.com

ကွန်ပျူတာကို နေ့စဉ် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာ အသုံးပြုသူ များ ဖြစ်နိုင်ချေရှိတဲ့ ရောဂါ များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။


၁။ Decreasing eyesight
ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့အတွက် အမြင် အာရုံကြောတွေ အားနည်းလာပါတယ်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။

၂။ Muscle weakening
ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ပါတယ်။ လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု မရှိတဲ့အတွက် အဓိက ကြွက်သားတွေ လုပ်ဆောင်ချက် နှေးကွေးလာတတ်ပါတယ်။

၃။ RSI (Repetitive strain injury)
ကွန်ပျူတာရှေ့ထိုင်တဲ့အခါ ခန္ဓာကိုယ်ပုံစံကို မပြောင်းလဲပဲ အလုပ်လုပ်နေ ရမှုကြောင့် အမြဲတမ်းအသုံးပြုနေရတဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲ လာတတ်ပါတယ်။ ဥပမာ-လည်ပင်နာခြင်း၊ ခါးနာခြင်း၊ ခန္ဓာကိုယ် လှုပ်ရှားတိုင်း နေရာတစ်ခုတည်းက အမြဲနာကျင်နေတတ်ခြင်း မျိုးတို့ ဖြစ်ပါတယ်။

၎။ Menal side effects

ကွန်ပျူတာကို ကြာရှည်စွာ အသုံးပြုရတဲ့အတွက် တကယ့်အပြင် လူမှုဆက်ဆံရေးမှာ ပြောင်းလဲမှုတွေ ရှိလာ ပါတယ်။ Facebook, G-talk တို့လို ဘယ်လောက် ဆိုရှယ်ဝဘ်ဆိုဒ်, ကွန်ရက်တွေသုံးသုံး တကယ့်အပြင် လူမူကွန်ရက်နဲ့ Face to Face ပြောဆိုဆက်ဆံရတာ မဟုတ်တဲ့အတွက် လုပ်ငန်းခွင်၊ ပေါင်းသင်း၊ ဆက်ဆံရေးတွေမှာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဂိမ်းအဆော့များတဲ့သူတွေ ပိုပြီး သတိထားရမယ့် အချက် ဖြစ်ပါတယ်။ အချိန်ကြာကြာ အသုံးပြုတဲ့အခါ အာရုံဟာ အရာဝတ္ထုတစ်ခုတည်းမှာ စုစည်းနေတတ်ပြီး ယင်းအရာဝတ္ထုရဲ့ ပြောင်းလဲမှုအလိုက် စိတ်က ပြောင်းလဲနိုင်တဲ့အတွက် ဖြစ်ပါတယ်။

၅။ Back Problems
ခါးနာတာကတော့ ဖြစ်ကိုဖြစ်မယ့် ရောဂါဝေဒနာပါ။ ဘယ်လောက် သက်တောင့်သက်တာ ဖြစ်တဲ့ ထိုင်ခုံနဲ့ပဲ ထိုင်ထိုင် ကွန်ပျူတာရှေ့မှာ ထိုင်ပြီးအလုပ်လုပ်တဲ့သူတွေ

အတွက် ကြောရိုးတစ်လျှောက်ဟာ နာကျင်တတ် ပါတယ်။ အသက်အရွယ်ငယ်တုန်းက မသိသာပေမယ့် ၄၀ ကျော်နောင်းပိုင်းကာလမှာ ကျောရိုးကိုက်ခဲ တဲ့ ဝေဒနာဟာ ကြီးမား တဲ့ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။

ကာကွယ်နည်း
ပထမ တစ်ချက်ဖြစ်တဲ့ အမြင်အာရုံအတွက်တော့ ကွန်ပျူတာကို ကြာကြာဆိုက်ကြည့်ပြီး မိနစ် ၂၀၊ နာရီဝက် တိုင်း ဖန်သားပြင် မဟုတ်တဲ့ အခြားတစ်နေရာတစ်ခုခုကို ကြည့်ရှုသင့်ပါတယ်။ မျက်တောင်ခတ်ပေး ရပါမယ်။ နည်းနည်းခပ်ဝေးဝေး အရာဝတ္ထုတစ်ခုခုကို စိုက်ကြည့်ရပါတယ်။ ၄၅ မိနစ်ကြာတစ်ခါ ပြုလုပ်လည်း ရပါတယ်။

နံပါတ်၂ ကြွက်သား အားနည်းမှုနဲ့ နံပါတ် ၃ RSI အတွက်ကတော့ အားကစားအနည်းငယ်လုပ်ပေးခြင်းနဲ့ အိပ်ခြင်းဖြစ်ပါတယ်။ အိပ်ခြင်းဆိုတာ ခြေလက်၊ကြောရိုးများကို ဆန့်ပြီး အိပ်တာမျိုးကို ဆိုလိုပါတယ်။ အားကစားက ကြွက်သားတွေကို သန်မာလာစေပြီး အိပ်စက်ခြင်းက ခန္ဓာကိုယ်ကြွက်သားတင်း မာနေမှုတွေ ကို လျော့ချပေး ပါတယ်။

Mental side effect အတွက်ကတော့ ပေါင်းသင်းဆက်ဆံရေးတွေ၊ လုပ်ငန်းခွင်တွေမှာ မလစ်ဟင်းဖို့၊ အာရုံများများ စိုက်ရတဲ့ Program, ဂိမ်းတို့မှာ နားနားပြီး အသုံးပြု၊ လုပ်ဆောင်၊ ဆော့ကစား ပေးဖို့ ဖြစ် ပါတယ်။

Back Problems အတွက်ကတော့ ကြောရိုးကို ပျော့ပြောင်းစေမယ့် အားကစားတစ်ခုခု လုပ်ပေးခြင်း၊ ကြောရိုးဆန့် အိပ်ခြင်းတို့ ပြုလုပ်ပေးရ မှာ ဖြစ်ပါတယ်။ အားကစားကတော့ ရေကူးတာမျိုး၊ ဘတ်စကတ်ဘော ဆော့တာမျိုးတို့ ဖြစ်ပါတယ်။ အလွယ်ဆုံးကတော့ အကြောဆန့်ခြင်း ဖြစ်ပါတယ်။ ဒါက အချိန်သီးသန့်ပေးစရာ မလိုပဲ နေရာတိုင်းမှာ အဆင်ပြေသလို လုပ်ဆောင်နိုင်ပါတယ်။

mmforward.blogspot.com

Monday, September 16, 2013

Wireless Network တစ်ခုတပ်ဆင်ခြင်းအတွက်သိထားရမယ့်အချက်တွေ ( မြန်မာလို )


Wireless Network တစ်ခုတပ်ဆင်ခြင်းအတွက်
သိထားရမယ့်အချက်တွေ
 ( မြန်မာလို ) စာအုပ်လေးပါ
လေ့လာချင်သပဆိုရင်တော့..
                                  Download

windows xp မှ genuine မဖြစ်သေးတဲ့ မိတ်ဆွေတွေအတွက်


windows xp သုံးနေတဲ့ မိတ်ဆွေတွေအတွက်လည်း windows  activator လေးပါ။windows genuine မဖြစ်သေးလို့ တောင်းဆိုထားတဲ့ သူငယ်ချင်းတွေကိုဒီနေရာကနေတစ်ခါတည်းယူလိုက်ပါခင်ဗျာ။
ဖိုင်ဆိုဒ်သေးသေးလေးပါပဲ 1 mb တောင်မပြည့် ပါဘူးခင်ဗျာ အားလုံးဆောင်ထားချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းလုပ်ယူလိုက်ပါခင်ဗျာ။
အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်။
Instructions:
1. Install Net Framework 4
 
2. Unrar
 
3. Run 2nd Activation.reg
 
4. Run Windows XP Activator > Click Activate
 
5. Restart pc & Enjoy...... :)
 

မြင့်မြတ်နှင့် ဂျောင်းဇာတ်ကားတွင် ပါဝင်ခဲ့သူများ ရခိုင်တိုင်းရင်းသား များနှင့် ပြည်သူများကို တောင်းပန်


ရန်ကုန်၊ စက်တင်ဘာ ၁၅ယခုနှစ် အစောပိုင်းက ထွက်ရှိခဲ့သည့် ဂျောင်းဇာတ်ကားတွင် ပါဝင်ခဲ့သည့် အသုံးအနှုန်းအပေါ် အဆိုပါ ဇာတ်ကားကို ထုတ်လုပ်သည့် ထုတ်လုပ်ရေး၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာနှင့် အဆိုပါ စကားလုံးကို ပြောကြားခဲ့သည့် သရုပ်ဆောင်တို့က ရခိုင် တိုင်းရင်းသားများနှင့် ပြည်သူ များကို တောင်းပန်ကြောင်း ရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

အဆိုပါ ဇာတ်ကား၏ ဇာတ်ဝင်ခန်းတစ်ခုတွင် ယောက်ျား ဖြစ်သူကို မိန်းမဖြစ်သူ ရခိုင်အမျိုးသမီးက ဘင်္ဂါလီနှင့် ငြိစွန်းနေသည့်ပုံစံ သရုပ်ဆောင် မြင့်မြတ်က ဟာသလုပ် ပြောဆိုခဲ့မှုကြောင့် ရခိုင် အမျိုးသားကွန်ရက်က ပြင်းထန်စွာ သတိပေးပြီး ကန့်ကွက်ခဲ့သည်။

အဆိုပါ ဗီဒီယိုဇာတ်ကားကို ထုတ်လုပ်သည့် ဂျော်လီဆွေနှင့် သားများ ဗီဒီယိုထုတ်လုပ်ရေး၊ ဒါရိုက်တာနေပိုင်၊ ဇာတ်ညွှန်း သည်ခေတ်နေနှင့် သရုပ်ဆောင် မြင့်မြတ်တို့က အထင်မှား အမြင်မှား ဖြစ်စေမည့် စကားလုံးများကို သတိထား ဆင်ခြင်သုံးစွဲမည် ဖြစ်ကြောင်း၊ ယခုဇာတ်ကားနှင့် ပတ်သက်၍ ထိခိုက် စော်ကားလိုသည့် ရည်ရွယ်ချက်မပါဘဲ ဇာတ်ကားနှင့် လိုက်ဖက်စေရန် ဆောင်ရွက်မှုအပေါ် အနုပညာ ပရိသတ်များ၊ ရခိုင် တစ်မျိုးသားလုံးနှင့် ရခိုင်အမျိုးသား ကွန်ရက်တို့ကို အနူးအညွတ် တောင်းပန်ပါကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ စကားလုံးသည် ရိုးသားစွာ ဖန်တီးခဲ့သော ဟာသဖြစ်ပြီး ယခုလို ဖြစ်ပွားခဲ့၍ ဝမ်းနည်းပါကြောင်း၊ ဇာတ်ဝင်ခန်းတွင် ပါဝင်ခဲ့သည့် အဆိုပါ စကားအတွက် အဓိကမှာ မိမိသာဖြစ်ပြီး မင်းသား၊ မင်းသမီးနှင့် မပတ်သက်ပါကြောင်း၊ နောက်နောင် ဆင်ခြင်သွားမည် ဖြစ်ကြောင်း အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း ရေးသားသူ သည်ခေတ်နေက ပြောကြားသည်။

၎င်းဇာတ်ကားကို ဖန်တီးခဲ့သည့် ဒါရိုက်တာနေပိုင်ကလည်း “ကျွန်တော် ဒီစကားလုံးကို သုံးတာ တခြားအဓိပ္ပာယ်နဲ့ သုံးတာ မဟုတ်ပါဘူး၊ ဗန်းစကားတစ်ခု အနေနဲ့ပဲ သုံးလိုက်တာပါ၊ ဒီလောက်အထိ ဖြစ်သွားလိမ့်မယ်လို့ မထင်ပါဘူး၊ ဒီဇာတ်ကားက ထွက်တာ တစ်နှစ်ကျော်လောက်တော့ ရှိပါပြီ” ဟု ပြောကြားသည်။

အဆိုပါ ဇာတ်ကားနှင့် ပတ်သက်ပြီး အသုံးအနှုန်းများမှာ ရခိုင်အမျိုးသမီးများ၏ ကျင့်ဝတ်နှင့် သိက္ခာကို ထိပါးစေပြီး တိုင်းရင်းသား စည်းလုံးမှုကို ထိပါးစေကြောင်း၊ ပါဝင်သူများ ခံဝန်ထိုးပြီး ဖြစ်ကြောင်း၊ ယနေ့ နေ့လယ်တွင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး ပြောပြ၍ မိမိတို့အနေနှင့် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ နောင်လည်း ဆင်ခြင်စေလိုကြောင်း ရခိုင်အမျိုးသား ကွန်ရက်မှ ဦးတင်ထူးအောင်က ပြောကြားသည်။

(ထက်အောင်ဖြိုး)

ပေါင်ခြံဖြူစေရန်


နေ့စဉ်ရေ(၁၂)ခွက်ရအောင် သောက် ပါ။

မုန်လာဥအဖြူဖျော်ရည်ကို သောက် ပါ။

သခွားသီးအခြမ်း (သို့မဟုတ်) သခွား ရည်ပွတ်လိမ်းပေးပါ။ (၁) ညထား၍ နံနက်ရောက်မှ ဆေးပစ်ပါ။

သစ်ကြံပိုးခေါက်အမှုန့် အနည်းငယ် နှင့်ပျားရည်လက်ဖက်ရည်ဇွန်း တစ် ဝက်နှင့် ရော၍လိမ်းပါ။

မင်သော်ရွက်ကို အနှစ်လုပ်၍ လိမ်း ပါ။ မိနစ် (၂၀-၃၀)ခန့်ထားပြီး ရေ ဆေးပါ။

သံပရာရည်၊ နနွင်း၊ ပျားရည်စသည့် သဘာဝချွတ်ဆေးကို ပေါင်ခြံရှိအ မည်းကွက်နှင့်အနီကွက်နေရာကို လိမ်းပေးပါ။

ဂျုံ၊နို့၊လက်ဖက်ရည် (၂)ဇွန်း၊ ရှောက် ရည်(၃-၄)စက်ကို ရော၍လိမ်းပြီး (၁၅)မိနစ်ခန့်ထားပါ။ ပြီးမှ ရေ ဆေးချပါ။ (၁၅)ရက် ရက်(၂၀)ခန့်ကြာလျှင် အမည်းကွက်၊ အနီကွက် များ သိသာစွာ လျော့ပါးလာသည်ကို တွေ့ရမည်။
လိမ္မော်ခွံကို ကြိတ်ပါ။ သံပရာရည် နှင့်ရော၍ အဖတ်ပြုလုပ်ပြီး လိမ်း ပါ။

ကြပ်သောအတွင်းခံများကို မ ဝတ်ပါ နှင့်။
နေ့စဉ် နို့နွေးနွေး(၁)ခွက်ကို နနွင်း လက်ဖက်ရည်(၁)ဇွန်း ထည့်၍ သောက်ပါ။

ခွေကူးလို့မရရင် ရအောင်လုပ်ပေးမဲ့ Wix-dvd- ripper



 
ကျွန်တော်တို့ အခွေတွေကိုကူးတဲ့အခါမှာ တချို့အခွေတွေကိုဆိုရင်ကူးလို့မရအောင်လုပ်ထားတာတွေရှိပါတယ်။
အဲ့လိုမျိုး အခက်ခဲတွေကြုံနေတဲ့ မိတ်ဆွေတွေ အတွက် ဒီ software လေးဆောင်ထားရင် အေးအေး ဆေးဆေးပဲပေါ့ဗျာ။
ဒီကောင်လေးကိုသာ install လုပ်ပေးလိုက်။ ကြိုက်တဲ့ ခွေလာ ကူးပြီးသားပဲဗျ။ သုံးချင်ရင်တော့ အောက်က link တွေကနေ download လုပ်နိုင်ပါပြီဗျာ။

Sunday, September 15, 2013

Computer Problems များ ဖြေရှင်းနည်းများ (မြန်မာလို)


        ကွန်ပျူတာက ပြသနာတွေကိုဘယ်လိုဖြေရှင်းကြမလဲ...မသိသေးသူများ..အတွက်ရည်ရွယ်ပါသည်..
မြန်မာဘာသာနဲ့စာအုပ်လေးပါ..ဒီစာအုပ်လေးကိုဖတ်ပြီး...မိမိကွန်ပျူတာကပြသနာတွေကိုဖြေရှင်းနိုင်ကြ ပါ စေ...အသုံးဝင်မယ်လို့လည်းထင်ပါတယ်ဗျာ...လိုချင်ရင်အောက်မှာဒေါင်းသွားလိုက်ပါဗျာ..ဘိုင်းဘိုင်..
ဒေါင်းလုပ်ရန်===>
  ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..

မိမိရဲ့ Computer အလုပ်လုပ်မှုပိုမြန်အောင်ပြုလုပ်ခြင်းနှင့် Computer အတက်မြန်စေခြင်း ( မြန်မာလို )



ကဲ..ဒီစာအုပ်လေးက အားလုံးအတွက် အသုံးဝင်လိမ့်မယ်လို့
မျှော်လင့်ပါတယ်ခင်ဗျာ...
လိုအပ်သူများ Download ရယူနိုင်ပါပြီ

ကလစ် ၂ ချက်နှိပ်ရုံနဲ့ဖူးဗားရှင်းဖြစ်တဲ့ IDM လာပါပြီ


အမြဲတမ်းတင်ပေးနေကျ Just double Click IDM လေးပါ

IDM 6.17.9 ရဲ့ နောက်ဆုံးထွက် update လေးကို Crack တွေ Patch တွေ မသုံးတက်သေးတဲ့

ညီအကို သူငယ်ချင်းများအတွက် အမြန်ဆုံး ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ

Friday, September 13, 2013

အားလုံးစောင့်စားနေတဲ့ ခင်ဝင့်ဝါ ဘီကနီနှင့် ဓာတ်ပုံများ

ရေကူးဝတ်စုံဖြင့်ပြိုင်ပွဲဝင်ခဲ့သော Miss Supranational 2013 မှ မြန်မာ့ဂုဏ်ဆောင် မခင်ဝင့်ဝါ


၂၀၁၄ ပထမအပတ်တွင် Sim Card များကို (၁၅၀၀) ထက်ဈေးနှုန်းလျှော့နည်းကာ ခေါ်ဆိုခ ၁ မိနစ် ၂၅ ကျပ် နှုန်းဖြင့် ရောင်းချမည်


တောင်သူလယ်သမားအတွက် စိုက်ပျိုးရေးနည်းပညာများကို မကြာသေးမီက ဆယ်သွယ်ရေး operater အဖြစ်လုပ်ကိုင်ခွင့်ရရှိ ထားသော elenor Myanmar မှ Mobile phone များက တစ် ဆင့်ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း သိရသည်။


အဆိုပါစနစ်ကို
၂၀၁၄ ပထမလေးပတ်အတွင်းစတင်တည် ဆောက်မည်ဖြစ်ပြီး ယင်းကဲ့သို့ပြု လုပ်ရခြင်း သည် တောင်သူလယ် သမားများထုတ်လုပ်မှုတိုးတက် စေဖို့နှင့် ကုန်ကျစရိတ်များ ကို လျော့ချနိုင် ဖို့အတွက်ဖြစ်ကြောင်း Telenor Myanmar မှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

““မိုဘိုင်းဆက်သွယ်ရေးဟာ
အများပြည်သူအတွက် ကောင်း မွန်တဲ့ဆက်သွယ်ရေးစနစ်ဖြစ်မယ် လို့ Telenor ကယုံကြည်ပါတယ်။ ဒါကြောင့်တိုင်းမှာလယ်သမားတွေ ကို ၀န်ဆောင်မှုပေးတဲ့ဟာ ကို မြန်မာနိုင်ငံမှာ ပေးမှာပါ”” ဟု ၎င်းကဆက်လက်ပြောသည်။

““ဒီဝန်ဆောင်မှုက လယ် သမားတွေကို အခမဲ့ဖြန့်ဝေပေး မှာပါ။ ဘာလို့လည်းဆိုတော့ ဒီ မိုဘိုင်းဖုန်းကနေတစ်ဆင့် မိုးလေ ၀သကို သိရမယ်။ ဒီရာသီမှာ ဘာသီးနှံတွေစိုက်ရင် အကောင်း ဆုံးဖြစ်မယ်။ နောက်ပြီး နေ့စဉ် ဈေးကွက်ရဲ့အခြေအနေတွေပါ သိရမှာပါ”” ဟုTelenor Myanmar မှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။

အင်တာနက်လျှောက်ထား
ပြီးသော simcard များကို ၁၅၀၀ ထက်သက်သောသောနှုန်းထားနှင့် ရောင်းချမည့်အပြင် တစ်မိနစ် ၂၅ ကျပ်နှုန်းမှ လျော့နိုင်အောင် စီစဉ်လျက်ရှိပြီး လာမည့် ၂၀၁၄ ၄ လပိုင်းတွင် sim card များကို ရောင်းချနိုင်မည်ဖြစ်ကြောင်း သိ ရသည်။Telenor Myanmar သည် နော်ဝေး အခြေစိုက်ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း သိရသည်။
 Hot News