Pages - Menu

Pages

Pages

Saturday, July 13, 2013

ချစ်သူသက်တမ်း ငါးနှစ်အကြာ ဇူလိုင် 14မှာ လက်ထပ်မယ့် ချမ်းချမ်းနဲ့ ဘုဏ်းသိုက် တို့ စုံတွဲ

သရုပ်ဆောင် မော်ဒယ် ဘုဏ်းသိုက်နဲ့ အဆိုတော် ချမ်းချမ်းတို့ဟာ လာမယ့် ဇူလိုင်လ 14ရက်မှာ လက်ထပ်တော့မယ်လို့သိရပါတယ်။ အဲဒီနေ့မှာ တောင်ဒဂုံက ပိဋိကတ်နိကာယ် စာသင်တိုက်မှာ ဗုဒ္ဒဘာသာ မင်္ဂလာဆွမ်းကျွေးကို ပြုလုပ်မှာဖြစ်ပြီး 17ရက်မှာတော့ စိန့်မေရီ ကသီဒြယ် ခရစ္စယာန် ဘုရားကျောင်းမှာ ညစာစားပွဲကျင်းပမှာပါ။ ချစ်သူသက်တမ်း ငါးနှစ်လောက်ကြာအောင် လက်တွဲပြီး ပျော်ရွှင်စွာ ရွှေလက်တွဲနိုင်ကြလို့ ဘာသာမတူပေမယ့် တစ်ဦးနဲ့တစ်ဦးနားလည်မှုနဲ့ သာယာတဲ့ အိမ်ထောင်ရေးကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်